Thursday, February 14, 2008

ငါ သည် blogger မဖြစ်နိုင် ၊ စာရေးဆရာ မဖြစ်နိုင်..


ငါ သည် စာရေးတာ ၀ါသနာပါတယ်၊ပြီးတော့ သူများ ကို ဆရာကိုလုပ်ရတာ၊ နည်းနည်းလှအောင် ပြောရရင် share ရတာ ၀ါသနာပါတယ်။ ဒါပေမယ့် ငါ စကားတွေ ဟာ အနှစ်မရှိတဲ့၊ ပညာရှိစကားတွေ မဟုတ်ဘူးဆိုတာ တစ်ခါတစ်ခါ စဉ်းစားမိတယ်ဗျာ..
ဒီလို့ ဗျာ ကျွန်တော်က စာ ကိုဖတ်ခဲ့တဲ့ အခါမှာ အဲဒီစာ ရဲ့ အကြောင်းအရာ ကိုအဓိက ထားမဖတ်ပဲ ဒီစာ ရဲ့ ရည်ရွယ်ရင်းက ဘာလဲ ဒီစာရေးတဲ့ အချိန် စာရေးဆရာ စိတ်ဓာက် ကဘာလဲ ၊ ပြီးတော့ ဒီထဲက ဇာက်ကောင်တွေ က ဘာတွေ တွေးနေတာ ဆိုတာ ကို အဓိကထား စဉ်းစားမိတယ်။..
ဥပမာပြောမယ်...ကျန်စစ်မင်းသား စောလူးမင်း သား ကိုသွားကယ် တဲ့ ခုနှစ်ကို မေး ကျွန်တော် မသိတော့ဘူး..ဒါပေမယ့် ခုထိ အမှတ်ရနေတာ တစ်ခု က စောလူးမင်း ဟာ အဲဒီအချိန်မှာ ဘာတွေ တွေးမိလို့ ကျန်စစ်မင်းသား လာကယ်တာကို အော်လိုက်ရတာ လဲလို့ မှတ်မိနေတုန်းပဲဗျာ..
ကဲ မခက်ဘူးလား ဗျာ...
ကျွန်တော် က လူတွေ ရဲ့ စိတ်ကိုပဲ စိတ်ဝင်စားတာဗျာ အဲဒီကြတော့ ဘယ်လို့ လုပ် blogger တစ်ယောက် ၊ စာရေးဆရာ တစ်ယောက်ဖြစ်နိုင်ပါတော့မလဲခင်ဗျာ...
ဒါပေမယ့် သိတဲ့ အတိုင်း ဒီစာ ရေးနေတာကိုက လုပ်ချင်တဲ့ ဆန္ဒတွေ ရှိနေသေးတာ ကို ဖော်ပြနေတာပါဗျာ..
ကဲ အဲဒီတော့ စိတ်ကူးတယ် ကျွန်တော် စာဖတ်တဲ့လူတွေကို နည်းနည်းလောက် မေတ္တာ ရပ်ခံချင်တာ ကတော့ ကျွန်တော် ရေးတာတွေဟာ ပညာရှိစကား မဟုတ်ပါဘူး ခင်ဗျာ..ပြီးတော့ ..ခုနှစ် အထောက်အထား ၊ ကျမ်းကိုး တွေလည်း တွေ့ရမှာ မဟုတ်ပါဘူး...ကျွန်တော်နေရာမှာ တွေ့ရမှာကတော့ ကျွန်တော် တွေးနေတဲ့ ဟာတွေပဲ တွေ့ရပါလိမ့်လို့ ကြိုတင်မေတ္တာ ရပ်ခံအပ်ပါသည်။..
အားလုံး ကိုလည်း အဲဒီအတွက် နည်းလမ်း မမှန်ဘူးဆိုရင်လည်း တောင်းပန်ပါရစေ...ကျွန်တော်ကကို ညံခဲ့တဲ့ အတွက်ပါခင်ဗျာ...

လေးစားစွာဖြင့်
အလင်းရောင်

No comments: