Friday, January 25, 2008

အမှာစာ (၂)

. .စိတ်ပညာရပ် သည် မည်မျှပင် ကျယ်ဝန်း နက်နဲ စေကာမူ တကယ်တမ်း ထိရောက်စွာ မိမိဘ၀ သာယာ အောင်မြင်လျက် စိတ်ပျော်ရွှင်နိုင်ရေး အတွက် ယင်းပညာရပ်ကို အသုံးချကြစို့ဆိုလျှင် မိမိတို့တွင် ကိုယ်စီ ကိုယ်င ရှိနေပြီးဖြစ်သော မိမိတို့ အတွင်း စိတ်တန်ခိုး(Power of Subconscious Mind) ကို စနစ်တကျ အသုံးချတက်၇န်သာ လိုပါသည်။ စစ်စစ် မိမိတို့ အတွင်းစိတ်ကို နေရာတကျ ခိုင်းစေတက်သူသည် မိမိရရှိ ပိုင်ဆိုင်ရမည်ဟု ရည်မှန်းထားသည့် အရာကို အနှေးနှင့်အမြန် ဧကန်ရမည်သာတည်း။ ဤအဆိုပြုချက် မှန်ကန်သည့် အကြောင်းကို ရှေးဟောင်း သမိုင်းနှင့် ခေတ်သစ် ဖြစ်ရပ် များတွင် ထင်ထင် ရှားရှား ထပ်ကာ ထပ်ကာ တွေ့မြင်နေ၇ပေမည်။
ဤတွင် သတိကြီးစွာ ထား၇န်ရှိသည်မှာ မိမိ အတွင်းစိတ်ကို နေရာ တကျ အသုံးမချတက်ပါက၊ ဆိုလိုသည်မှာ အလွဲအလွဲ အမှားမှား အသုံးချသော အခါတွင် ဧကန်ပင် ထိုသူ ဒုက္ခ ရောက်လျက် မှောက်မှောက် မှားမှား ဖြစ်ရလိမ့်မည်ဆိုသော အချက်မှန်ကိုပင်တည်း။

No comments: