Saturday, January 26, 2008

အိပ်မက်ထဲက မျှော်လင့်ချက်တွေ လွတ်ထွက်မသွားပါစေနဲ့

  • လက်မြှောက်အရှုံးပေးချင်စိတ်တွေ ပေါ်လာတဲ့အခါမျိုးမှာ
မျှော်လင့်ချက်ကဆက်လက်ရှင်သန်နေဖို့ ခွန်အားတွေပေးတယ်။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့။
လုပ်နိုင်တယ်လို့ ယုံကြည်မှုရှိနေသမျှ
ကြိုးစားဖို့ အတွက် အကြောင်းရှိတယ်။
  • ကိုယ့်ပျော်ရွှင်မှုကို သူတစ်ပါးလက်ထဲထည့်မထားပါနဲ့၊
ကိုယ်လက်ထဲမှာပဲထား၊ ဒါမှ အမြဲတမ်းကိုယ်လက်လှမ်းမီနေမှာ။
  • အောင်မြင်တာ၊ ရှုံးနှိမ့်တာကို ရုပ်ဝတ္ထုကြွယ်ဝမှုတွေနဲ့ မတိုင်းတာပါနဲ့
ကိုယ်ဘယ်လို ခံစားရတယ်ဆိုတာနဲ့ သာတိုင်းတာပါ။
ကိုယ့်ဘ၀ရဲ့ ပြည့်စုံမှုကို ကိုယ့်ခံစားချက်များက သာ ပြဌာန်းတယ်။
  • ဆိုးတဲ့ အခိုက်အတန့်ကလေးတွေရဲ့ လွှမ်းမိုးသွားမှုကို မခံပါနဲ့
သည်းခံလိုက်စမ်းပါ၊ သူတို့ ကျော်လွန်သွားလိမ့်မယ်။
  • အကူအညီတောင်းဖို့ မ၀ံ့မရဲဖြစ်မနေနဲ့၊
လူတိုင်း တစ်ချိန်မဟုတ် တစ်ချိန် လိုအပ်မြဲဖြစ်တယ်။
  • -အချစ်ကို ရှောင်မပြေးနဲ့ ရင်ဆိုင်တွေ့လိုက်ပါ၊
ဘာကြောင့်ဆိုတော့ ပျော်စရာအကောင်းဆုံးဖြစ်လို့ပါ။
  • ဖြစ်ချင်တာကို ကိုယ့်ဆီရောက်လာအောင် စောင့်မနေနဲ့၊
သွားတဲ့လူကို ဘ၀က လမ်းတစ်ဝက်က ဆီးကြိုမယ်ဆိုတဲ့ အသိနဲ့
ရှိသမျှအားထုတ်ပြီး ရအောင်လိုက်ယူပါ။
  • စိတ်ကူးတွေနဲ့ အိပ်မက်တွေ မျှော်လင့်သလို့ဖြစ်မလာလို့၊
ဘ၀ပျက်ပြီ မထင်လိုက်လေနဲ့
ကိုယ့်အကြောင်း၊ ဘ၀အကြောင်း အသစ်တစ်ခုတွေ့ရလေတိုင်း
တိုးတက်မှုရခဲ့တာပဲပေါ့။
  • ကိုယ့်ကိုယ်ကိုယ် ရိုသေစိတ်ပျောက်သွားစေမယ့်
ဘယ်လို့ ကိစ္စမျိုးမှ မလုပ်မိပါစေနဲ့။
ကိုယ်ဘ၀ကိုယ် ကျေနပ်ခြင်းဟာ၊
ဘ၀ကို ကျေနပ်ဖို့ လိုအပ်ချက်ဖြစ်တယ်။
  • ရယ်မောဖို့ ဘယ်တော့မှ မေ့မနေနဲ့၊
ငိုကြွေးဖို့လည်း ရှက်မနေနဲ့၊
ဒီနှစ်ခုကိုလုပ်နေခြင်းကြောင့် ဘ၀ဟာ ကျေနပ်စရာ အကောင်းဆုံးဖြစ်နေရတာပါ။

နန်စီဆင်းမ်

No comments: